Skip to content
Church.wiki
Numbers

Numbers 33

Judson (1835)

Translation: JUDSON
Start reading

1မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့ သည် ခရီးသွားခြင်း အကြောင်းအရာများကို၊Select Numbers 33:1

2ထာဝရဘုရား အမိန့်တော်အတိုင်း မောရှေမှတ် သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊Select Numbers 33:2

3ပဌမလ တဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်း တို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။Select Numbers 33:3

4အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ ဘုရားများကိုလည်း၊ ထာဝရ ဘုရားသည် တရားစီရင်တော်မူ၏။Select Numbers 33:4

5ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှ ပြောင်း၍ သုကုတ်အရပ်၌ စားခန်းချကြ၏။Select Numbers 33:5

6သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌ စားခန်းချကြ၏။Select Numbers 33:6

7ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိ သော ပိဟဟိရုတ်မြို့သို့ တဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စားခန်းချကြ၏။Select Numbers 33:7

8ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ ရှောက်သွား သဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌ သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စားခန်းချကြ၏။Select Numbers 33:8

9မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်း နှင့် စွန်ပလွံပင် ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။Select Numbers 33:9

10ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်း ချကြ၏။Select Numbers 33:10

11ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချ ကြ၏။Select Numbers 33:11

12သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌ စားခန်းချကြ၏။Select Numbers 33:12

13ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌ စားခန်းချကြ၏။Select Numbers 33:13

14အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာ ရေမရှိသော ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။Select Numbers 33:14

15ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌ စားခန်းချကြ၏။Select Numbers 33:15

16သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စားခန်းချကြ၏။Select Numbers 33:16

17ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း၍ ဟာဇရုတ် အရပ်၌ စားခန်းချကြ၏။Select Numbers 33:17

18ဟာဇရုတ်အရပ်မှပြောင်း၍ ရိသမအရပ်၌ စားခန်းချကြ၏။Select Numbers 33:18

19ရိသမအရပ်မှပြောင်း၍ ရိမ္မုန်ဖါရက်၌ စားခန်း ချကြ၏။Select Numbers 33:19

20ရိမ္မုန်ဖါရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စားခန်းချကြ၏။Select Numbers 33:20

21လိဗနရွာမှပြောင်း၍ ရိဿအရပ်၌ စားခန်း ချကြ၏။Select Numbers 33:21

22ရိဿအရပ်မှပြောင်း၍ ကေဟလာသအရပ်၌ စားခန်းချကြ၏။Select Numbers 33:22

23ကေဟလာသအရပ်မှပြောင်း၍ ရှာဖါတောင်၌ စားခန်းချကြ၏။Select Numbers 33:23

24ရှာဖါတောင်မှပြောင်း၍ ဟာရဒအရပ်၌ စားခန်းချကြ၏။Select Numbers 33:24

25ဟာရဒအရပ်မှပြောင်း၍ မက္ကလုတ်အရပ်၌ စားခန်းချကြ၏။Select Numbers 33:25

26မက္ကလုတ်အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စားခန်းချကြ၏။Select Numbers 33:26

27တာဟတ်အရပ်မှပြောင်း၍ တာရအရပ်၌ စားခန်းချကြ၏။Select Numbers 33:27

28တာရအရပ်မှပြောင်း၍ မိသကာအရပ်၌ စားခန်းချကြ၏။Select Numbers 33:28

29မိသကာအရပ်မှပြောင်း၍ ဟာရှမောနအရပ်၌ စားခန်းချကြ၏။Select Numbers 33:29

30ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ် အရပ်၌ စားခန်းချကြ၏။Select Numbers 33:30

31မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ၏။Select Numbers 33:31

32ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချကြ၏။Select Numbers 33:32

33ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌ စားခန်းချကြ၏။Select Numbers 33:33

34ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။Select Numbers 33:34

35ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ် ၌ စားခန်းချကြ၏။Select Numbers 33:35

36ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စားခန်းချကြ၏။Select Numbers 33:36

37ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာ ဟောရတောင်၌ စားခန်းချကြ၏။Select Numbers 33:37

38ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဉ္စမလ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက်၍ အနိစ္စရောက်လေ၏။Select Numbers 33:38

39အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စ ရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ် ရှိသတည်း။Select Numbers 33:39

40ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိ ရှင်ဘုရင် အာရဒ်သည် ဣသရေလအမျိုးသား ရောက် ကြောင်းကို ကြားလေ၏။Select Numbers 33:40

41သူတို့သည် ဟောရတောင်မှပြောင်း၍၊ ဇာလ မောနအရပ်၌ စားခန်းချကြ၏။Select Numbers 33:41

42ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌ စားခန်းချကြ၏။Select Numbers 33:42

43ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စားခန်း ချကြ၏။Select Numbers 33:43

44ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌ စားခန်းချကြ၏။Select Numbers 33:44

45ဣဇာဗာရိမ်အရပ်မှပြောင်း၍ ဒိဗုန်ဂဒ်အရပ်၌ စားခန်းချကြ၏။Select Numbers 33:45

46ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလ သိမ်အရပ်၌ စားခန်းချကြ၏။Select Numbers 33:46

47အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗော တောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စားခန်းချကြ၏။Select Numbers 33:47

48အာဗရိမ်တောင်ရိုးမှပြောင်း၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စားခန်းချ ကြ၏။Select Numbers 33:48

49ထိုသို့ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့ တိုင်အောင် စားခန်းချကြ၏။Select Numbers 33:49

50မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊Select Numbers 33:50

51သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊Select Numbers 33:51

52ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရ ကြမည်။ သူတို့ရေးသော အရုပ်၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှ တို့ကို ဖြိုချရကြမည်။Select Numbers 33:52

53ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသော ကြောင့်၊ ထိုပြည်သားတို့ကို နှင်ထုတ်၍ သင်တို့ကိုယ်တိုင် နေရကြမည်။Select Numbers 33:53

54သင်တို့ အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကို ဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်း လျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။Select Numbers 33:54

55သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန် အစင် မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသော သူတို့သည် သင်တို့မျက်စိ၌ အပ်ဖျားကဲ့သို့၎င်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့၎င်း ဖြစ်၍၊ သင်တို့နေသော ပြည်မှာ သင်တို့ကို နှောင့်ရှက်ကြလိမ့်မည်။Select Numbers 33:55

56ထိုမှတပါး၊ သူတို့အား ငါကြံစသည်သည်အတိုင်း သင်တို့ကို ငါပြုမည်ဟု မိန့်တော်မူ၏။Select Numbers 33:56

Next: Numbers 34Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Numbers

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses an English voice provided by your browser.