Skip to content
Church.wiki
Psalms

Psalms 124

Judson (1835)

Translation: JUDSON
Start reading

1ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ၍၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား၊Select Psalms 124:1

2ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊Select Psalms 124:2

3အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။Select Psalms 124:3

4ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား။Select Psalms 124:4

5စော်ကားသော ရေတို့သည် ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား။Select Psalms 124:5

6သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကို အပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။Select Psalms 124:6

7ငှက်သည် မုဆိုးတို့၏ ကျော့ကွင်းထဲက လွတ် သကဲ့သို့၊ ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်း ပြတ်၍ ငါတို့သည် လွတ်ကြပြီ။Select Psalms 124:7

8ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော ထာဝရဘုရား၏ နာမတော်အားဖြင့်၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း။Select Psalms 124:8

Next: Psalms 125Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Psalms

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses an English voice provided by your browser.