Skip to content
Church.wiki
Psalms

Psalms 129

Judson (1835)

Translation: JUDSON
Start reading

1ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊Select Psalms 129:1

2ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါ့ကို မနိုင်ကြ။Select Psalms 129:2

3ထွန်သော သူတို့သည် ငါ့ကျောပေါ်မှာ ထွန်၍၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ၏။Select Psalms 129:3

4ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသော သူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။Select Psalms 129:4

5ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။Select Psalms 129:5

6အိမ်မိုးပေါ်မှာ ပေါက်၍၊ အဘယ်သူမျှ မနှုတ်ဘဲ ညှိုးနွမ်းတတ် သော မြက်ပင်ကဲ့သို့ဖြစ်ကြပါစေ။Select Psalms 129:6

7ထိုမြက်ပင်ကို ရိတ်သောသူသည် လက်တဆုပ်မျှ မရ။ စည်းသောသူလည်း လက်တပွေ့မျှမရ။Select Psalms 129:7

8လမ်း၌ ရှောက်သွားသော သူတို့ကလည်း၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါ စေသော။ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းကြီးပေးကြ၏ဟု မပြောမဆိုရကြ။Select Psalms 129:8

Next: Psalms 130Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Psalms

Selected verses

Tap another verse to select a range.