Psalms 145
Judson (1835)
Translation: JUDSON
1အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်။Select Psalms 145:1
2ကိုယ်တော်ကို နေ့တိုင်းအစဉ်ကောင်းကြီး ပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်း ပါမည်။Select Psalms 145:2
3ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍ မကုန်နိုင်။Select Psalms 145:3
4အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍၊ တန်ခိုးတော်များကိုဟောပြောကြပါလိမ့်မည်။Select Psalms 145:4
5အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော် တော်ကို၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို၎င်း မြွက်ဆို ပါမည်။Select Psalms 145:5
6သူတို့သည် ကြောက်မတ်ဘွယ်သော အမှုတော် တို့၌ပါသော တန်ခိုးကို မြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်။Select Psalms 145:6
7သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။Select Psalms 145:7
8ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ သနားစုံမက် တတ်သောသဘောနှင့်ပြည့်စုံ၍၊ ခန္တီတော်နှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။Select Psalms 145:8
9ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ၏။Select Psalms 145:9
10အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကို ပြ၍၊ ကိုယ်တော်၏ သန့်ရှင်း သူတို့သည် ကောင်းကြီးပေးကြ ပါ၏။Select Psalms 145:10
11နိုင်ငံတော်၏ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း ဟောပြောမြွက်ဆိုသဖြင့်၊Select Psalms 145:11
12တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ၏။Select Psalms 145:12
13ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော် သည်ကာလအစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မ တော်မူ၏။Select Psalms 145:13
14နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။Select Psalms 145:14
15ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍၊ အချိန်တန်မှသူတို့ကို ကျွေးမွေးတော် မူ၏။Select Psalms 145:15
16လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါ အပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။Select Psalms 145:16
17ထာဝရဘုရား၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသော အမှုတော်တို့သည် သန့်ရှင်း ကြပါ၏။Select Psalms 145:17
18ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသော သူအပေါင်း တို့၏ အနီးအပါးရှိတော်မူ၏။Select Psalms 145:18
19ကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေ တော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။Select Psalms 145:19
20ထာဝရဘုရားသည် ကြည်ညိုသည် သူအပေါင်း တို့ကို စောင့်မတော်မူ၏။ မတရားသော သူအပေါင်းတို့ကို ကား၊ ဖျက်ဆီးတော်မူမည်။Select Psalms 145:20
21ထာဝရဘုရားကို ချီးမွမ်းလျက်ငါမြွက်ဆိုမည်။ ခပ်သိမ်းသော လူတို့သည် သန့်ရှင်းသော နာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းကြီးပေးကြစေ။Select Psalms 145:21
Judson (1835) (JUDSON) · Public Domain