Skip to content
Church.wiki
Psalms

Psalms 148

Judson (1835)

Translation: JUDSON
Start reading

1ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြ လော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။Select Psalms 148:1

2ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့။Select Psalms 148:2

3နေလတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။Select Psalms 148:3

4ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။Select Psalms 148:4

5ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။Select Psalms 148:5

6ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။Select Psalms 148:6

7မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာ အရပ်များ၊Select Psalms 148:7

8မီးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊Select Psalms 148:8

9တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင် ရှိသမျှ၊Select Psalms 148:9

10သားရဲနှင့်သားယဉ်အပေါင်း၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော၊Select Psalms 148:10

11လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သား အပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊Select Psalms 148:11

12လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။Select Psalms 148:12

13နာမတော်တပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်း ကြစေ။Select Psalms 148:13

14မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ် တော်မူ၏။ ဟာလေလုယ။Select Psalms 148:14

Next: Psalms 149Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Psalms

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses an English voice provided by your browser.