Skip to content
Church.wiki
1 Chronicles

1 Chronicles 24

Judson (1835)

Translation: JUDSON
Start reading

1အာရုန်အမျိုးသားအသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။Select 1 Chronicles 24:1

2နာဒပ်နှင့်အဘိဟုသည်သားမရှိ။ အဘ လက်ထက်တွင် သေသောကြောင့်၊ ဧလာဇာနှင့်ဣသမာ သည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။Select 1 Chronicles 24:2

3ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာ အမျိုးအဟိမလက်ကို အသီးအသီးဆောင်သင့်သည် အတိုင်းခန့်ထားလေ၏။Select 1 Chronicles 24:3

4ဣသမာအမျိုးအကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေ အမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက် တို့ကို အသီးအသီးခွဲခန့်လေ၏။Select 1 Chronicles 24:4

5စာရေးတံပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။Select 1 Chronicles 24:5

6လေဝိအမျိုးနာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုးသူကြီးများ ရှေ့မှာနာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊Select 1 Chronicles 24:6

7ပဌမသူယောယာရိပ်၊ ဒုတိယသူယေဒါယ၊Select 1 Chronicles 24:7

8တတိယသူဟာရိမ်၊ စတုတ္ထသူစောရိမ်၊Select 1 Chronicles 24:8

9ပဉ္စမသူမာလခိယ၊ ဆဌမသူမိယမိန်၊Select 1 Chronicles 24:9

10သတ္တမသူဟက္ကုတ်၊ အဋ္ဌမသူအဘိယ၊Select 1 Chronicles 24:10

11နဝမသူယေရွှာ၊ ဒသမသူ ရှေကနိ၊Select 1 Chronicles 24:11

12ဧက ဒသမသူဧလျာရှိပ်၊ ဒွါဒသမသူယာကိမ်၊Select 1 Chronicles 24:12

13တကျိပ်သုံးယောက်မြောက်သော သူဟုပ္ပ၊ တကျိပ်လေးယောက်မြောက်သောသူ ယေရှေဗပ်၊Select 1 Chronicles 24:13

14တကျိပ်ငါးယောက်မြောက်သော သူဗိလဂ၊ တကျိပ်ခြောက်ယောက် မြောက်သောသူဣမ္မေရ၊Select 1 Chronicles 24:14

15တကျိပ်ခုနစ်ယောက်မြောက်သော သူဟေဇိရ၊ တကျိပ်ရှစ် ယောက်မြောက်သူအပ်ဇဇ်၊Select 1 Chronicles 24:15

16တကျိပ်ကိုးယောက်မြောက်သောသူပေသဟိ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ၊Select 1 Chronicles 24:16

17နှစ်ကျိပ်တယောက်မြောက်သောသူ ယာခိန်၊ နှစ်ကျိပ်နှစ်ယောက်မြောက်သောသူ ဂါမုလ၊Select 1 Chronicles 24:17

18နှစ်ကျိပ်သုံးယောက်မြောက်သော သူဒေလာယ၊ နှစ်ကျိပ်လေးယောက်မြောက်သောသူ မာဇိတည်း။Select 1 Chronicles 24:18

19ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား၏ အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း။Select 1 Chronicles 24:19

20ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံ သားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊Select 1 Chronicles 24:20

21ရေဟဘိသားစုတွင် ဣရှယာ၊Select 1 Chronicles 24:21

22ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊Select 1 Chronicles 24:22

23ဟေဗြုန်သားစုတွင် သားအကြီးယေရိ၊ ဒုတိယ သားအာမရိ၊ တတိယသားယဟာဇေလ၊ စတုတ္ထသား ယေကမံ၊Select 1 Chronicles 24:23

24ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊Select 1 Chronicles 24:24

25မိက္ခာညီဣရှယာသားစုတွင် ဇာခရိတည်း။Select 1 Chronicles 24:25

26မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊Select 1 Chronicles 24:26

27မေရာရိအမျိုးသားဖြစ်သော ယာဇိ၏သားကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။Select 1 Chronicles 24:27

28မဟာလိသားဧလာဇာ၌သားမရှိ။Select 1 Chronicles 24:28

29ကိရှသားကား ယေရမေလတည်း။Select 1 Chronicles 24:29

30မုရှိသားကားမဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုး သားတည်း။Select 1 Chronicles 24:30

31ဤသူတို့သည် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမ လက်အစရှိသော ယဇ်ပုရောဟိတ်လေဝိသားအဆွေ အမျိုးသူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသား တို့က ဘက်တချက်အလှည့်လှည့်စားရေးတံပြုကြ၏။Select 1 Chronicles 24:31

Next: 1 Chronicles 25Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

1 Chronicles

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses an English voice provided by your browser.