Skip to content
Church.wiki
Job

Job 26

Judson (1835)

Translation: JUDSON
Start reading

1ယောဘပြန်၍ မြွက်ဆိုသည်ကား၊Select Job 26:1

2သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။Select Job 26:2

3မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသော ပညာကို အဘယ်သို့ပြသနည်း။Select Job 26:3

4ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။Select Job 26:4

5အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ၌ နေသောသူများတို့သည် တုန်လှုပ်ကြ၏။Select Job 26:5

6မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။Select Job 26:6

7မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။Select Job 26:7

8ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ၏။Select Job 26:8

9မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။Select Job 26:9

10အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။Select Job 26:10

11ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။Select Job 26:11

12တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။Select Job 26:12

13ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။Select Job 26:13

14ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။Select Job 26:14

Next: Job 27Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Job

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses an English voice provided by your browser.