Proverbs 24
Judson (1835)
Translation: JUDSON
1မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဘော်ခြင်းငှါ အလိုမရှိနှင့်။Select Proverbs 24:1
2သူတို့သည် ဖျက်ဆီးခြင်းငှါ နှလုံးကြံစည်တတ် ၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။Select Proverbs 24:2
3ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။Select Proverbs 24:3
4ပညာအတတ်အားဖြင့် အခန်းများတို့သည် အဘိုးထိုက်၍၊ နှစ်သက်ဘွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။Select Proverbs 24:4
5ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ်၏။Select Proverbs 24:5
6ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။Select Proverbs 24:6
7ပညာမြင့်သောကြောင့် မိုက်သောသူမမှီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။Select Proverbs 24:7
8မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။Select Proverbs 24:8
9မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။Select Proverbs 24:9
10သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက် လျှင် အားနည်း၏။Select Proverbs 24:10
11သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊Select Proverbs 24:11
12ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။Select Proverbs 24:12
13ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။Select Proverbs 24:13
14ထိုအတူ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့် မည်။Select Proverbs 24:14
15အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။Select Proverbs 24:15
16ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။Select Proverbs 24:16
17သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။Select Proverbs 24:17
18ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။Select Proverbs 24:18
19မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မ လူတို့ကို မငြူစူနှင့်။Select Proverbs 24:19
20အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်။Select Proverbs 24:20
21ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။Select Proverbs 24:21
22သူတို့ဘေးသည် ချက်ခြင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏ အဆုံးကို အဘယ်သူသိသနည်း။Select Proverbs 24:22
23ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း။Select Proverbs 24:23
24သင်သည် ဖြောင့်မတ်၏ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။Select Proverbs 24:24
25ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းကြီးမင်္ဂလာကို ခံလျက်ရှိကြ လိမ့်မည်။Select Proverbs 24:25
26မှန်သောစကားကို ပြန်ပြောတတ်သောသူ၏ နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။Select Proverbs 24:26
27ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။Select Proverbs 24:27
28သင်၏အိမ်နီးချင်းတဘက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့်။Select Proverbs 24:28
29သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့်။Select Proverbs 24:29
30ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဉာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊Select Proverbs 24:30
31ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊Select Proverbs 24:31
32ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။Select Proverbs 24:32
33ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊Select Proverbs 24:33
34ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။Select Proverbs 24:34
Judson (1835) (JUDSON) · Public Domain