Skip to content
Church.wiki

Hosea Chapter 6 Judson (1835)

Minor prophets · Hosea · Judson (1835) · 11 verses

Verse layout
📝 Overview of this chapter Flow, key verses and people

호세아 6장은 이스라엘 백성이 여호와께 돌아가자고 권하는 노래(1-3절)와, 그들의 인애가 아침 이슬처럼 쉽게 사라진다는 하나님의 탄식과 책망을 담은 장이다.

Jump to verse

6Hosea · Judson (1835)
1လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြ ကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကို စည်းတော်မူမည်။ Notes
2နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။
3ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်း ငှါ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုဃ်းနှင့် မြေအပေါ်သို့ ရွာသော နောက်မိုဃ်းကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
4အိုဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အိုယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသော စိတ်သည် နံနက်မိုဃ်းတိမ်ကဲ့သို့၎င်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့၎င်းဖြစ်၏။
5ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကား အားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်း သော အလင်းကဲ့သို့ ဖြစ်ကြပြီ။
6ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို၎င်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို၎င်း ငါနှစ်သက်၏။ Notes
7သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူး ကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။
8ဂိလဒ်မြို့သည် အဓမ္မပြုသော သူတို့နေရာ ဖြစ်၍၊ လူအသွေးနှင့် စွန်းသော ခြေရာများ၏။
9ထားပြအလုံးအရင်းသည် ခရီးသွားသော သူကို ချောင်း၍ ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင်မြို့သို့သွားသော လမ်း၌ပင် အသက် ကို သတ်တတ်ကြ၏။
10အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက်ဘွယ်သောအမှုကို ဣသ ရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည် မှားယွင်း တတ်၏။ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
11ထိုမှ တပါး အိုယုဒအမျိုး၊ သိမ်းသွားသော ငါ၏လူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ စပါး ရိတ်ရာကာလသည် သင့်အဖို့ ခန့်ထားလျက်ရှိ၏။

Judson (1835)
Tap a verse to copy, share, highlight or add a note. Dotted words link to encyclopedia articles.

11 verses in this chapter
6 / 14 chapters

The text is Judson (1835)(미얀마어) — From getbible.net (CrossWire SWORD module) · license: 공개 도메인 (Public Domain) Highlights, notes and read marks stay with the chapter whichever version you read. Dotted words are people, places and terms that have an encyclopedia article (marked once per page). Highlights, notes and read marks are saved only in this browser and gathered under My marks.

Verse commentaries for this chapter 2

Articles mentioning this chapter

More