1 Chronicles 12
Judson (1835)
Translation: JUDSON
1ဒါဝိဒ်သည် ကိရှ၏သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌ နေစဉ်၊ သူ့ဘက်သို့ဝင်စားသောသူ၊Select 1 Chronicles 12:1
2လေး လက်နက်ကို ဆောင်၍လက်ျာဘက်လက်ဝဲလက်မရွေး၊ ကျောက်နှင့်မြှားကို ပစ်တတ်သော စစ်သူရဲကြီး၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန်အမျိုးသားဟူမူကား၊Select 1 Chronicles 12:2
3အကြီးအကဲ အဟေဇာ၊ သူ့နောက်ယောရှ၊ ဂိဗာမြို့သားရှေမာ၊ အာဇမာဝက်သား ယေဇေလနှင့် ပေလက်၊ ဗေရာခ၊ အန္တောသိအမျိုး ယေဟု၊Select 1 Chronicles 12:3
4ဗိုလ်စုတွင် ထူးဆန်း၍အကြီးအကဲလုပ်သော ဂိဗောင်မြို့သား ဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရသိအမျိုးယောဇဗဒ်၊Select 1 Chronicles 12:4
5ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟရုဖိ အမျိုးရှေဖတိ၊Select 1 Chronicles 12:5
6ဧလကာန၊ ယေရှာ၊ အာဇရေလ၊ ယောဇာ၊ ကောရသိအမျိုး ယာရှောဗ၊Select 1 Chronicles 12:6
7ဂေဒေါ်မြို့နေ၊ ယေရောဟံသား ယောလာနှင့် ဇေဗဒိတည်း။Select 1 Chronicles 12:7
8ထိုမှတပါး၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက် သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သော သူဂဒ်အမျိုးသားဟူမူကား၊Select 1 Chronicles 12:8
9ဧဇာတပါး၊ ဩဗဒိတပါး၊ ဧလျာဘတပါး၊Select 1 Chronicles 12:9
10မိရှမန္နတပါး၊ ယေရမိတပါး၊Select 1 Chronicles 12:10
11အတ္တဲတပါး၊ ဧလျေလတပါး၊Select 1 Chronicles 12:11
12ယောဟနန်တပါး၊ ဧလဇာဗဒ်တပါး၊Select 1 Chronicles 12:12
13ယေရမိတပါး၊ မာခဗာနဲတပါး၊ ပေါင်းတကျိပ် တပါးတည်း။Select 1 Chronicles 12:13
14ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍၊ အငယ်ကား လူတရာ၊ အကြီးကားလူတထောင်ကို အုပ်သောသူဖြစ်ကြ၏။Select 1 Chronicles 12:14
15ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသော ကာလပဌမလတွင်၊ သူတို့သည် ကူး၍ မြေညီရာအရပ်အရှေ့အနောက်၌ နေသောသူအပေါင်း တို့ကို ပြေးစေကြ၏။Select 1 Chronicles 12:15
16ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားအချို့တို့ သည် ဒါဝိဒ်ရှိရာ ရဲတိုက်သို့လာသောအခါ၊Select 1 Chronicles 12:16
17ဒါဝိဒ်သည် ကြိုဆိုခြင်းငှါ ထွက်သွား၍၊ ငါ့ကို မစခြင်းငှါ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ၏။ သို့မဟုတ် ငါ့ကိုရန်သူလက်သို့ အပ်ခြင်းငှါ လာလျှင် ငါ၌ အပြစ်မရှိသောကြောင့်၊ ဘိုးဘေးတို့၏ ဘုရားသခင်သည် ကြည့်ရှု၍ ဆုံးမတော်မူပါစေသောဟုဆိုသော်၊Select 1 Chronicles 12:17
18ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထား လေ၏။Select 1 Chronicles 12:18
19ထိုမှတပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွား သော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟု တိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ် သည် စစ်မကူဘဲ ဇိကလတ်မြို့သို့ သွားသောကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား၊Select 1 Chronicles 12:19
20မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ် သော ဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။Select 1 Chronicles 12:20
21ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဗိုလ်ကြီးဖြစ်၍၊ ထားပြလုပ်သော သူတို့တဘက်၌ ဒါဝိဒ်ကို မစကြ၏။Select 1 Chronicles 12:21
22ထိုကာလ၌ဘုရားသခင်၏ ဗိုလ်ခြေကဲ့သို့ ကြီးစွာသော ဗိုလ်ခြေဖြစ်သည်တိုင်အောင် တနေ့ထက် တနေ့ ဒါဝိဒ်ကို ကူညီ၍ဝင်စားကြ၏။Select 1 Chronicles 12:22
23ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ရှောလု၏ နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲခြင်းငှါ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ၊ စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသော တပ်သားစာရင်းဟူမူကား၊Select 1 Chronicles 12:23
24ဒိုင်းနှင့်လှံကိုဆောင်၍ စစ်တိုက်လက်နက်စုံ နှင့်ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ၊Select 1 Chronicles 12:24
25ခွန်အားကြီးသော စစ်သူရဲ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တရာ၊Select 1 Chronicles 12:25
26လေဝိအမျိုးသားလေးထောင်ခြောက်ရာ၊Select 1 Chronicles 12:26
27အာရုန်အမျိုးအုပ်၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ၊Select 1 Chronicles 12:27
28ခွန်အားကြီးသောသူရဲ၊ လူပျိုဇာဒုတ်နှင့် သူ၏ အဆွေအမျိုးတပ်မှူးနှစ်ကျိပ်နှစ်ပါး၊Select 1 Chronicles 12:28
29ရှောလုပေါက်ဘော်ဖြစ်သော ဗင်္ယာမိန်အမျိုး သားသုံးထောင်၊ ထိုအမျိုးသားအများတို့သည် ရှောလု ဘက်မှာစောင့်နေကြ၏။Select 1 Chronicles 12:29
30ခွန်အားကြီး၍ အဆွေအမျိုးတို့တွင် ထင်ရှား သော ဧဖရိမ်အမျိုးသား နှစ်သောင်းရှစ်ရာ၊Select 1 Chronicles 12:30
31ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်းဝင်သော မနာရှေအမျိုးဝက်ထဲက လူတသောင်း ရှစ်ထောင်၊Select 1 Chronicles 12:31
32ကာလအချိန်တို့ကို နားလည်၍ ဣသရေလ အမျိုးသည် အဘယ်သို့ပြုသင့်သည်ကို သိတတ်သော ဣသခါအမျိုးသားသူကြီးနှစ်ရာ၊ သူတို့အမျိုးသားချင်း အပေါင်းတို့သည် အသင့်ရှိကြ၏။Select 1 Chronicles 12:32
33စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍ တိုက်တတ် သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊Select 1 Chronicles 12:33
34နဿလိအမျိုးသား ဗိုလ်တထောင်၊ ဒိုင်းနှင့်လှံ ကို ဆောင်သော သူသုံးသောင်းခုနစ်ထောင်၊Select 1 Chronicles 12:34
35ဒန်အမျိုးထဲက စစ်မှူးစစ်ရေး၌ လေ့ကျက်သော သူနှစ်သောင်းရှစ်ထောင်ခြောက်ရာ၊Select 1 Chronicles 12:35
36အာရှာအမျိုးထဲက ထိုအတူ လေ့ကျက်၍ စစ်ချီ တတ်သော သူလေးသောင်း၊Select 1 Chronicles 12:36
37ယော်ဒန်မြစ်တဘက်ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်းနှစ်သောင်းတည်း၊Select 1 Chronicles 12:37
38စစ်အခင်းအကျင်းမပျက်၊ တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသော စိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်း သော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီ တညွတ်တည်း ရှိကြ၏။Select 1 Chronicles 12:38
39ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံ တော်၌ စားသောက်လျက် နေကြ၏။ အမျိုးသားချင်းတို့ သည် ပြင်ဆင်နှင့်ကြပြီ။Select 1 Chronicles 12:39
40အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွား နှင့်တကွ အမဲသား၊ မုန့်ညက်သင်္ဘောသဖန်းသီး၊ စပျစ် သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုပ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသ ရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။Select 1 Chronicles 12:40
Judson (1835) (JUDSON) · Public Domain