Skip to content
Church.wiki
Ezra

Ezra 10

Judson (1835)

Translation: JUDSON
Start reading

1ထိုသို့ဧဇရသည် ဘုရားသခင်၏ အိမ်တော်ရှေ့ မှာ ပြပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပဌနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။Select Ezra 10:1

2ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌ နေသော တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မြော်လင့်စရာ ရှိသေး၏။Select Ezra 10:2

3သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့ သား သမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့၏ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည် အတိုင်း စီရင်ကြကုန်အံ့။Select Ezra 10:3

4ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အကျွန်ုပ်တို့သည်လည်း ဝိုင်း၍မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု ဧဇရအားပြန်ပြောကြလျှင်၊Select Ezra 10:4

5ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိ သား၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကား အတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။Select Ezra 10:5

6ထိုအခါ ဧဇရသည် ဘုရားသခင်၏ အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့ သွား ၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဘူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်း လေ၏။Select Ezra 10:6

7သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်း တို့သည်၊ ယေရု ရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊Select Ezra 10:7

8မင်းများနှင့် အသက်ကြီးသူများ စီရင်သည် အတိုင်း၊ သုံးရက်အတွင်းတွင် မရောက်သောသူမည်သည် ကား၊ သိမ်းသွားခြင်း အမျိုးသားပရိတ်သတ်ထဲက နှင်ထုတ်ခြင်းကိုခံ၍၊ သူ၏ဥစ္စာ ရှိသမျှသည် ကျိန်ဆို အပ်သောဥစ္စာဖြစ်စေမည်အကြောင်း၊ ယေရုရှလင်မြို့မှ စ၍ ယုဒပြည်တရှောက်လုံး၌ ကြော်ငြာကြ၏။Select Ezra 10:8

9ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြိုးမှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန်စွာ မိုဃ်းရွာသော ကြောင့်၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦး ရှေ့မှာ ထိုင်နေကြ၏။Select Ezra 10:9

10ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ် လေးစေခြင်းငှါ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြ ပြီတကား။Select Ezra 10:10

11သို့ဖြစ်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားအား တောင်းပန်ကြလော့။ အလိုတော်အတိုင်း ပြုလျက်၊ ဤပြည်သားတို့နှင့်၎င်း၊ တပါးအမျိုးသားမိန်းမ တို့နှင့်၎င်း ကွာကြလော့ဟု သူတို့အား ဆို၏။Select Ezra 10:11

12ပရိသတ်အပေါင်းတို့ကလည်း၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည်။Select Ezra 10:12

13သို့ရာတွင် လူအများရှိပါ၏။ သည်းထန်စွာ မိုဃ်း ရွာသော ကာလဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင်မှာ မရပ်မနေနိုင်ပါ။ ဤအမှုသည် တရက်နှစ်ရက်တွင် ပြီးနိုင် သော အမှုမဟုတ်ပါ။ ပြစ်မှားသောသူ အများရှိပါ၏။Select Ezra 10:13

14ငါတို့ ပရိသတ်အပေါင်းကို အုပ်ချုပ်သော အကြီးအကဲတို့သည် စီရင်သဖြင့်၊ တို့နေရာမြို့ရွာ၌ တပါး အမျိုးသားမိန်းမနှင့် စုံဘက်သော သူအပေါင်းတို့သည် ခြိန်းချက်သောအချိန်တို့၌ မြို့အသီးသီးအသက်ကြီး သူများ၊ တရားသူကြီးများနှင့် အတူလာ၍ ဤအမှုကြောင့် ပြင်းစွာ ထွက်သောငါတို့ ဘုရားသခင်၏ အမျက်တော်ကို ဖြေကြပါစေဟု ကြီးစွာသောအသံနှင့် ပြန်ပြောကြ၏။Select Ezra 10:14

15အာသဟေလသား ယောနသန်နှင့် တိကဝသား ယဟာဇိသာလျှင် ထိုအမှုကိုပြုစုကြ၏။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ၏။Select Ezra 10:15

16သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေး ချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သား သော အဆွေအမျိုးသူကြီးတို့သည် ဒသမလတရက်နေ့ တွင် ထိုအမှုကို စစ်ကြောခြင်းငှါ ထိုင်နေကြ၏။Select Ezra 10:16

17တပါးအမျိုးသား မိန်းမနှင့်စုံဘက်သောသူ အပေါင်းတို့ကို ပဌမလတရက်နေ့တိုင်အောင် အကုန် အစင် စစ်ကြောစီရင်ကြ၏။Select Ezra 10:17

18တပါးအမျိုးသားမိန်းမနှင့် စုံဘက်သော ယဇ် ပုရောဟိတ်အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇ ဒက်သားနှင့် သူ၏ညီ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။Select Ezra 10:18

19သူတို့သည် မယားနှင့်ကွာမည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ်ကြောင့် သိုးကိုယဇ်ပူဇော်ကြ၏။Select Ezra 10:19

20ထိုမှတပါး၊ ဣမေရအမျိုး ဟာနန်နှင့် ဇေဗဒိ၊Select Ezra 10:20

21ဟာရိမ်အမျိုး မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊Select Ezra 10:21

22ပါရှုရအမျိုး ဧလိဩနဲ၊ မာသေယ၊ ဣရှ မေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသ။Select Ezra 10:22

23လေဝိသားယောဇဗဒ်၊ ရှိမိ၊ ကေလာယတည်း ဟူသော ကေလိတ၊ ပေသာဟိ၊ ယုဒ၊ ဧလျေဇာ၊Select Ezra 10:23

24သီချင်းသည် ဧလျာရှိပ်၊ တံခါးစောင့် ရှလ္လုံ၊ တေလင်၊ ဥရိ၊Select Ezra 10:24

25ဣသရေလအမျိုးထဲက ပါရုတ်အမျိုးရာမိ၊ ယေဇိ၊ မာလခိ၊ မျာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယ၊Select Ezra 10:25

26ဧလံအမျိုးမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်၊ ဧလျာ၊Select Ezra 10:26

27ဇတ္တုအမျိုး ဧလိဩနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊Select Ezra 10:27

28ဗေဗဲအမျိုးယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲ၊ အာသလဲ၊Select Ezra 10:28

29ဗာနိအမျိုးမေရှုလ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာလ၊ ရာမုတ်၊Select Ezra 10:29

30ပါဟတ်မောဘ အမျိုးအဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မတ္တနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊Select Ezra 10:30

31ဟာရိမ်အမျိုးဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊Select Ezra 10:31

32ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိ၊Select Ezra 10:32

33ဟာရှုံအမျိုးမတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မာနရှေ၊ ရှိမိ၊Select Ezra 10:33

34ဗာနိအမျိုးမာဒဲ၊ အာမရံ၊ ဝေလ၊Select Ezra 10:34

35ဗေနာယ၊ ပေဒိ၊ ခေလု၊Select Ezra 10:35

36ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊Select Ezra 10:36

37မတ္တနိ၊ မတ္တနဲ၊ ယာသော၊Select Ezra 10:37

38ထိုမှတပါး၊ ဗာနိ၊ ဗိနွိ၊ ရှိမိ၊Select Ezra 10:38

39ရှေလမိ၊ နာသန်၊ အဒါယ၊Select Ezra 10:39

40မာခနဒေဗဲ၊ ရှာရဲ၊ ရှာရဲ၊Select Ezra 10:40

41အာဇရေလ၊ ရှေလမိ၊ ရှေမရိ၊Select Ezra 10:41

42ရှလ္လုံ၊ အာမရိ၊ ယောသပ်၊Select Ezra 10:42

43နေဗောအမျိုး ယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတည်း။Select Ezra 10:43

44ဤသူ အပေါင်းတို့သည် တပါးအမျိုးသား မိန်းမနှင့် စုံဘက်၍ သားသမီးကို မြင်ရကြပြီ။ ဧဇရမှတ်စာပြီး၏။Select Ezra 10:44

Next: Nehemiah 1Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Ezra

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses an English voice provided by your browser.