Skip to content
Church.wiki
Hosea

Hosea 12

Judson (1835)

Translation: JUDSON
Start reading

1ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့ လေကို လိုက်တတ်၏။ နေ့တိုင်းမုသာစကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့ နှင့် မိဿဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။Select Hosea 12:1

2ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်။Select Hosea 12:2

3ယာကုပ်သည် အမိဝမ်း၌ အစ်ကို၏ ဖနှောင့်ကို ကိုင်၏။ ခွန်အားကြီး၍ ဘုရားသခင်နှင့် ပြိုင်လေ၏။Select Hosea 12:3

4ကောင်းကင်တမန်နှင့်ပြိုင်၍ နိုင်လေ၏။ ငို၍ တောင်းပန်နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရဘုရားကို ဗေသလမြို့မှာ ဖူးတွေ့၍၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကို ခံလေ၏။Select Hosea 12:4

5ထာဝရဘုရားတည်းဟူသော နာမသည် ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။Select Hosea 12:5

6သို့ဖြစ်၍၊ သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက်၍၊ သင်၏ဘုရားသခင်ကို အစဉ်မပြတ် မြော်လင့်လော့။Select Hosea 12:6

7သူသည် ကုန်သည်ဖြစ်၏။ စဉ်းလဲသော ချိန်ခွင် ကို ကိုင်တတ်၏။ သူတပါးကို ညှဉ်းဆဲခြင်းငှါ အလိုရှိ၏။Select Hosea 12:7

8သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည် ရတတ်၏။ ဘဏ္ဍာကို သိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ၍ မတွေ့ရာဟု ဆိုလိမ့်မည်။Select Hosea 12:8

9ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ဓမ္မပွဲခံစဉ် တွင် နေတတ်သကဲ့သို့ တဖန်တဲတို့၌ နေစေမည်။Select Hosea 12:9

10ငါသည် ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာ သော ရူပါရုံတို့ကို ပြပြီ။ ပရောဖက်များအားဖြင့် ပုံပမာ တို့ကို ထားပြီ။Select Hosea 12:10

11ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်းရှိကြပြီ။ ဂိလဂါလမြို့၌ နွားတို့ကို ယဇ် ပူဇော်၍၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ၏။Select Hosea 12:11

12ယာကုပ်သည် ရှုရိပြည်သို့ ပြေး၏။ ဣသရေလ သည် မယားကိုရခြင်းငှါ အစေကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။Select Hosea 12:12

13ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ ပရောဖက် အားဖြင့်လည်း စောင့်မတော်မူ၏။Select Hosea 12:13

14ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော် လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သော အပြစ် သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်း အပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။Select Hosea 12:14

Next: Hosea 13Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Hosea

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses an English voice provided by your browser.