Job 12
Judson (1835)
Translation: JUDSON
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊Select Job 12:1
2သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဉာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။Select Job 12:2
3သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဉာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။Select Job 12:3
4ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။Select Job 12:4
5ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။Select Job 12:5
6ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။Select Job 12:6
7သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။Select Job 12:7
8မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။Select Job 12:8
9ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။Select Job 12:9
10အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော်၌ ရှိ၏။Select Job 12:10
11ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။Select Job 12:11
12အသက်အရွယ်ကြီးသော သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံကြ၏။Select Job 12:12
13ဘုရားသခင်မူကား၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။Select Job 12:13
14ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။Select Job 12:14
15ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။Select Job 12:15
16တန်ခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။Select Job 12:16
17တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။Select Job 12:17
18ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။Select Job 12:18
19ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။Select Job 12:19
20နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။Select Job 12:20
21မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။Select Job 12:21
22မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။Select Job 12:22
23တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။Select Job 12:23
24မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဉာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။Select Job 12:24
25သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။Select Job 12:25
Judson (1835) (JUDSON) · Public Domain