Skip to content
Church.wiki
Numbers

Numbers 31

Judson (1835)

Translation: JUDSON
Start reading

1တဖန် ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့ သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ် အလျောက် ဣသရေလအမျိုးသားဘက်၌ နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်ဟု မောရှေအား မိန့်တော်မူ၏။Select Numbers 31:1

2တဖန် ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့ သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ် အလျောက် ဣသရေလအမျိုးသားဘက်၌ နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်ဟု မောရှေအား မိန့်တော်မူ၏။Select Numbers 31:2

3မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကို ကိုင်လျက်၊ မိဒျန်အမျိုးသား တို့သို့ စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။Select Numbers 31:3

4ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုး ထဲက၊ လူတထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည် အတိုင်း၊Select Numbers 31:4

5ဣသရေလအမျိုးသား အထောင်အသောင်းတို့ တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူ တထောင်စီ၊ လူပေါင်း တသောင်းနှစ်ထောင်ကို အပ်၍၊Select Numbers 31:5

6မောရှေသည် ထိုသူတို့ကို၎င်း၊ သန့်ရှင်းသော လက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။Select Numbers 31:6

7မောရှေအား ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက်၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ၏။Select Numbers 31:7

8အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီး ငါးပါးပါကြ၏။ ဗောရသား ဗာလမ်ကိုလည်း ထားနှင့် သတ်ကြ၏။Select Numbers 31:8

9ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွား အစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။Select Numbers 31:9

10မိဒျန်အမျိုးသားတို့ နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။Select Numbers 31:10

11ဘမ်းရသောလူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာ အလုံးစုံတို့ကို သိမ်းသွား၍၊Select Numbers 31:11

12မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရော ဟိတ် ဧလာဇာ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။Select Numbers 31:12

13မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ၍ ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ ထွက်သွားကြ၏။Select Numbers 31:13

14မောရှေသည် စစ်တိုက်ရာမှ ပြန်လာသော တပ်မှူးများ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက်၍၊Select Numbers 31:14

15သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ် ကြောင့် အသက်ရှင်စေကြသနည်း။Select Numbers 31:15

16ဣသရေလအမျိုးသား တို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည် တကား။Select Numbers 31:16

17ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့် ဆက်ဆံဘူးသော မိန်းမအပေါင်း ကို၎င်း၊ သတ်ကြလော့။Select Numbers 31:17

18ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ် အပေါင်းတို့ကို၊ မိမိတို့အဘို့ အသက်ချမ်းသာပေးကြလော့။Select Numbers 31:18

19သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို၎င်း၊ သိမ်းယူသော သူတို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေ ကြလော့။Select Numbers 31:19

20သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့် ရက်သောအရာ၊ သစ်သားဖြင့် လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထား လေ၏။Select Numbers 31:20

21ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက် သွားသော စစ်သူရဲတို့ကိုခေါ်၍၊ မောရှေ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားဟူမူကား၊Select Numbers 31:21

22ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲ အစရှိသော၊Select Numbers 31:22

23မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ် ၌ သွားစေ သဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေ ဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သောအရာ ရှိသမျှတို့ကို ရေအလယ်၌ သွားစေရမည်။Select Numbers 31:23

24သတ္တမနေ့၌ မိမိအဝတ်ကို လျှော်ပြီးမှ၊ စင်ကြယ် ခြင်းရှိ၍၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ၏။Select Numbers 31:24

25ထာဝရဘုရားကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ် ဧလာဇာ၊Select Numbers 31:25

26ပရိသတ်အဆွေအမျိုး သူကြီးတို့သည်၊ ယခု လက်ရသိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊Select Numbers 31:26

27ထက်ဝက်ခွဲပြီးလျှင် တဝက်ကို စစ်မှုထမ်း၍ အတိုက်သွားသော သူတို့အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်းတို့အား၎င်း ပေးဝေလော့။Select Numbers 31:27

28စစ်တိုက်သွားသော စစ်သူရဲတို့သည်၊ ထာဝရ ဘုရားအား ပေးရသောအခွန်ကို ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်းငါးရာတွင် တကောင်ကို ကောက်ယူပြီးလျှင်၊Select Numbers 31:28

29သူတို့ခံရသော ထက်ဝက်အဘို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ ယဇ်ပုရောဟိတ် ဧလာဇာအား ပေးရမည်။Select Numbers 31:29

30ဣသရေလအမျိုးသား ခံရသော ထက်ဝက် အဘို့ထဲကလည်း လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုး အကောင်ငါးဆယ်တို့တွင် တကောင်ကို ကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေပိသားတို့အား ပေးရမည်ဟု၊Select Numbers 31:30

31မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့ သည် ပြလေ၏။Select Numbers 31:31

32စစ်သူရဲတို့သည် လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား သိုးခြောက်သိန်း ခုနစ်သောင်း ငါးထောင်၊Select Numbers 31:32

33နွားခုနစ်သောင်းနှစ်ထောင်၊Select Numbers 31:33

34မြည်းခြောက်သောင်းတထောင်Select Numbers 31:34

35ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း။Select Numbers 31:35

36စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက် အဘို့ကား၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊Select Numbers 31:36

37ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက် ရာခုနစ်ဆယ်ငါးကောင်တည်း။Select Numbers 31:37

38နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရားခံရသော အခွန်ကား၊ နွားခုနစ်ဆယ် ခုနစ်ကောင်တည်း။Select Numbers 31:38

39မြည်းသုံးသောင်းငါးရာရှိသည်ဖြစ်၍ ထာဝရ ဘုရားခံရသော အခွန်ကား၊ မြည်းခြောက်ဆယ်တကောင် တည်း။Select Numbers 31:39

40လူတသောင်းခြောက်ထောင် ရှိသည်ဖြစ်၍ ထာဝရဘုရားခံရသော အခွန်ကား၊ လူသုံးဆယ် နှစ်ယောက်တည်း။Select Numbers 31:40

41ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေး လေ၏။Select Numbers 31:41

42တဖန် စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊Select Numbers 31:42

43ပရိသတ်တို့ခံရသော ထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊Select Numbers 31:43

44နွားသုံးသောင်းခြောက်ထောင်၊Select Numbers 31:44

45မြည်းသုံးသောင်းငါးရာ၊Select Numbers 31:45

46လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍Select Numbers 31:46

47ဣသရေလအမျိုးသားခံရသော ထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင် တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေဝိသားတို့အား ပေး၏။ ထိုသို့ ထာဝရ ဘုရားမှာထားတော်မူ၏။Select Numbers 31:47

48လူတရာ၊ တထောင်ကိုအုပ်သော တပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ ချဉ်းကပ်၍၊Select Numbers 31:48

49ကိုယ်တော် ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ ကို စာရင်းယူပြန်၍၊ လူတယောက်မျှ မလျော့ပါ။Select Numbers 31:49

50ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက် အဘိုးကို ဖြေဘို့ ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်း ဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊Select Numbers 31:50

51မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။Select Numbers 31:51

52ထိုသို့ စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့ သိမ်းယူ၍၊Select Numbers 31:52

53တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရား အား ပူဇော်သော ရွှေချိန်ပေါင်းကား၊ တရာခြောက်ဆယ် ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ် ရှိသတည်း။Select Numbers 31:53

54တပ်မှူးများ၊ ဗိုလ်များ ပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေးရာတဲတော်၌ သွင်းထား ကြ၏။Select Numbers 31:54

Next: Numbers 32Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Numbers

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses an English voice provided by your browser.