Proverbs 7
Judson (1835)
Translation: JUDSON
1ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။Select Proverbs 7:1
2ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။Select Proverbs 7:2
3သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။Select Proverbs 7:3
4ပညာကိုကိုယ်နှမဟူ၍၎င်း၊ ဉာဏ်ကို ကိုယ် ပေါက်ဘော်ဟူ၍၎င်း ခေါ်လော့။Select Proverbs 7:4
5သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။Select Proverbs 7:5
6ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊Select Proverbs 7:6
7ဉာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဉာဏ်မရှိသော လူပျိုတယောက်သည်၊Select Proverbs 7:7
8ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊Select Proverbs 7:8
9မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဉ့်နက်သော အချိန် ရောက်သောအခါ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ၏။Select Proverbs 7:9
10ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။Select Proverbs 7:10
11ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။Select Proverbs 7:11
12ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။Select Proverbs 7:12
13ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊Select Proverbs 7:13
14ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။Select Proverbs 7:14
15ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။Select Proverbs 7:15
16ငါ့ခုတင်ကိုချယ်လှယ်သော အိပ်ရာခင်းနှင့်၎င်း၊ အဲဂုတ္တုပိတ်ချောနှင့်၎င်း ပြင်ဆင်ပြီ။Select Proverbs 7:16
17ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။Select Proverbs 7:17
18လာပါ၊ မိုဃ်းလင်းသည်တိုင်အောင် ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။Select Proverbs 7:18
19ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ။Select Proverbs 7:19
20ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊Select Proverbs 7:20
21ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊Select Proverbs 7:21
22နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊Select Proverbs 7:22
23ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။Select Proverbs 7:23
24သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။Select Proverbs 7:24
25ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။Select Proverbs 7:25
26အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။Select Proverbs 7:26
27သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။Select Proverbs 7:27
Judson (1835) (JUDSON) · Public Domain