Psalms 105
Judson (1835)
Translation: JUDSON
1ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့။Select Psalms 105:1
2ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့။Select Psalms 105:2
3သန့်ရှင်းသောနာမတော်၌ ဝါကြွား ဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။Select Psalms 105:3
4ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။Select Psalms 105:4
5စီရင်တော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို၎င်း အောက်မေ့ကြလော့။Select Psalms 105:5
6ထာဝရဘုရား၏ကျွန်အာဗြဟံအမျိုး၊ ရွေး ကောက်တော်မူသော ယာကုပ်အနွှယ်တို့၊Select Psalms 105:6
7ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံး၌ တရား စီရင်ပိုင်တော်မူ၏။Select Psalms 105:7
8ငါသည်သင်တို့ အမွေခံရာဘို့ခါ နာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့် မများ၊Select Psalms 105:8
9အလွန်နည်း၍ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊Select Psalms 105:9
10အာဗြဟံ၌ဂတိထား၍၊ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊Select Psalms 105:10
11ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊Select Psalms 105:11
12လူမျိုး အဆက် တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။Select Psalms 105:12
13သူတို့သည် တမြို့မှတမြို့သို့၎င်း၊တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊Select Psalms 105:13
14သူတို့ကို ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်းရှင်ဘုရင်တို့ကို ဆုံးမလျက်၊Select Psalms 105:14
15ငါ့ထံ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။Select Psalms 105:15
16တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့် ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊Select Psalms 105:16
17ကျွန်ဖြစ်စေဘို့ အရောင်းခံရသော ယောသပ် ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။Select Psalms 105:17
18သူ့ကိုခြေချင်းခတ်၍ သံနှင့်ညှဉ်းဆဲကြ၏။Select Psalms 105:18
19သူ၏စကား မပြည့်စုံမှီတိုင်အောင်၊ ထာဝရ ဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။Select Psalms 105:19
20လူတို့ကို အစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။Select Psalms 105:20
21သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိ တို့ကို ချည်နှောင်၍၊Select Psalms 105:21
22မှူးတော်မတ်တော်တို့ကို ဆုံးမပိုင် သော အခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။Select Psalms 105:22
23ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက် လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။Select Psalms 105:23
24ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြား စေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။Select Psalms 105:24
25မိမိလူတို့ကို ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကို ပရိယာယ်ပြုမည် အကြောင်း၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော် မူ၏။Select Psalms 105:25
26တဖန်မိမိကျွန် မောရှေနှင့်ရွေးကောက်တော်မူသော အာရုန်ကို စေလွှတ်တော်မူ၏။Select Psalms 105:26
27အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာသက်သေ တော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။Select Psalms 105:27
28မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။Select Psalms 105:28
29သူတို့ရေများကို အသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။Select Psalms 105:29
30သူတို့မြေသည် များစွာသော ဘားတို့ကို မင်းအိပ်ရာအခန်းတို့ ၌ပင်ဘွားလေ၏။Select Psalms 105:30
31အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည် လုံးကို နှံ့ပြား ကြ၏။Select Psalms 105:31
32မိုဃ်းရေအစား မိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ် မှာ မီးလျှံကို၎င်း ပေးတော်မူ၏။Select Psalms 105:32
33သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော် မူ၏။Select Psalms 105:33
34အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာ ဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည် လာ၍၊Select Psalms 105:34
35သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေဩဇာ အသီးအနှံတို့ကို၎င်းကိုက်စားကြ၏။Select Psalms 105:35
36သူတို့အစွမ်းသတ္တိ အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။Select Psalms 105:36
37မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော် မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတယောက်မျှမရှိ။Select Psalms 105:37
38အဲဂုတ္တုပြည်သည် သူတို့ကို ကြောက်သော ကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက်၏။Select Psalms 105:38
39သူတို့အပေါ်မှာ မိုဃ်းတိမ်ကိုဖြန့်မိုး၍၊ ညဉ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။Select Psalms 105:39
40သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲ စေတော်မူ၏။Select Psalms 105:40
41ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေ သည် ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့စီးသွား လေ၏။Select Psalms 105:41
42အကြောင်းမူကား၊ မိမိကျွန် အာဗြဟံ၌ ထားခဲ့ ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော် မူ၏။Select Psalms 105:42
43ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်း မြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။Select Psalms 105:43
44သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။Select Psalms 105:44
45သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။Select Psalms 105:45
Judson (1835) (JUDSON) · Public Domain