Skip to content
Church.wiki
Psalms

Psalms 106

Judson (1835)

Translation: JUDSON
Start reading

1ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။Select Psalms 106:1

2ထာဝရဘုရား၏ တန်ခိုးကြီးခြင်း အရာတော် တို့ကို အဘယ်သူပြောနိုင်သနည်း။ ဂုဏ်ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင် ဘော်ပြနိုင်သနည်း။Select Psalms 106:2

3ခပ်သိမ်းသော အခါတို့၌ တရားကို စောင့် ရှောက်၍၊ ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ၏။Select Psalms 106:3

4အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသော သူတို့၏ကောင်းကျိုးကို မြင်စေခြင်းငှါ၎င်း၊Select Psalms 106:4

5ကိုယ်တော်၏ လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏ အမွေဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ၎င်း၊ ကိုယ်တော်၏ လူတို့ခံရသော စေတနာတော်နှင့်တကွ၊ အကျွန်ုပ်ကို အောက်မေ့တော် မူပါ။ အကျွန်ုပ်ကို အကြည့်အရှုကြွလာ၍ ကယ်တင်တော် မူပါ။Select Psalms 106:5

6အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရားသောအမှုကို ပြုကြပါပြီ။Select Psalms 106:6

7အဲဂုတ္တုပြည်၌ ပြုတော်မူသော အံ့ဩဘွယ်တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာသော ကရုဏာ တော်ကို မအောက်မေ့ကြ။ ပင်လယ်နား၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ၏။Select Psalms 106:7

8သို့သော်လည်း၊ မဟာတန်ခိုးတော်ကို ထင်ရှား စေခြင်းငှါ၊ နာမတော်၏အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။Select Psalms 106:8

9ဧဒုံပင်လယ်ကို ဆုံးမတော်မူ၍၊ ပင်လယ်ရေ သည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ်၌ သူတို့ကို ပို့ဆောင်တော်မူ၏။Select Psalms 106:9

10မုန်းသောသူ၏လက်မှ သူတို့ကို ကယ်တင်၍၊ ရန်သူ၏လက်မှ ရွေးနှုတ်တော်မူ၏။Select Psalms 106:10

11ရန်သူတစုံတယောက်ကိုမျှ မကျန်ရစ်စေခြင်းငှါ၊ ရေသည် လွှမ်း မိုးလေ၏။Select Psalms 106:11

12ထိုအခါ စကားတော်ကို ယုံ၍ ဂုဏ်ကျေးဇူး တော်ကို သီချင်းဆိုကြ၏။Select Psalms 106:12

13သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ်၍၊ အကြံအစည်တော်ကို မဆိုင်းမလင့် ဘဲ၊Select Psalms 106:13

14တော၌အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ် ၌ ဘုရားသခင်ကို စုံစမ်းကြ၏။Select Psalms 106:14

15သူတို့တောင်းသော ဆုကို ပေးတော်မူ၏။ သို့သော်လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေး တော်မူ၏။Select Psalms 106:15

16ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကို၎င်း၊ ထာဝရဘုရား၏ သန့်ရှင်းသူအာရုန်ကို၎င်း ငြူစူကြ၏။Select Psalms 106:16

17မြေကြီးသည် ကွဲလျက် ဒါသန်ကိုမျို၍၊ အဘိရံ၏ အသင်းအဝင်ကို ဖုံးအုပ်လေ၏။Select Psalms 106:17

18သူတို့အသင်းအဝင်ထဲမှာ မီးရှို့၍၊ မတရားသော သူတို့ကို လောင်လေ၏။Select Psalms 106:18

19သူတို့သည် ဟောရပ်တောင်နားမှာ နွားသငယ် ကို လုပ်၍၊ အရည်သွန်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ကြ၏။Select Psalms 106:19

20သူတို့၏ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ ပုံသဏ္ဍာန်ကို ယူကြ၏။Select Psalms 106:20

21အဲဂုတ္တုပြည်၌ ကြီးသော အမှုတို့ကို၎င်း၊Select Psalms 106:21

22ဟာမအမျိုးနေရာ၌ အံ့ဘွယ်သောအမှုတို့ကို၎င်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ ကို၎င်း ပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင် ကို မေ့လျော့ကြ၏။Select Psalms 106:22

23ထိုအခါ ရွေးကောက်တော်မူသော မောရှေသည် အမျက်တော်ကို လွှဲ၍၊ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေ ခြင်းငှါ၊ ဖျက်ဆီးရာအရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကို ဖျက်ဆီးမည်ဟု အကြံရှိတော်မူ၏။Select Psalms 106:23

24ထိုသူတို့သည်လည်း စကားတော်ကို မယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။Select Psalms 106:24

25မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားမထောင်ဘဲနေကြ၏။Select Psalms 106:25

26ထိုကြောင့် သူတို့ကို တော၌လှဲခြင်းငှါ၎င်း၊Select Psalms 106:26

27သူတို့အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင် လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ၎င်း၊ သူတို့တဘက်၌ ကျိန်ဆိုတော်မူ၏။Select Psalms 106:27

28ထိုသူတို့သည် ဗာလပေဂုရဘုရား၌ မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။Select Psalms 106:28

29ထိုသို့မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည် သူတို့ကို လုယက်လေ၏။Select Psalms 106:29

30ထိုအခါ ဖိနဟတ်သည် ထ၍တရားစီရင်သဖြင့်၊ ကာလနာသည် ငြိမ်းလေ၏။Select Psalms 106:30

31ထိုအမှုကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုး အဆက်ဆက်တည်သော ကာလအစဉ်မပြတ် မှတ်ရ သတည်း။Select Psalms 106:31

32တဖန် မေရိဘရေအနားမှာ အမျက်တော်ကို နှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ၌ အမင်္ဂလာဖြစ်လေ၏။Select Psalms 106:32

33သူ၏စိတ်ကို ချုပ်ချယ်နှောင့်ရှက်ကြသဖြင့်၊ သူသည် အမှတ်တမဲ့ မြွက်ဆို၏။Select Psalms 106:33

34ထာဝရဘုရားမိန့်တော်မူသည် အတိုင်းမပြု၊ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။Select Psalms 106:34

35သူတို့နှင့်ရောနှော၍ သူတို့၏ ဘာသာဓလေ့ကို သင်ကြ၏။Select Psalms 106:35

36သူတို့၏ရုပ်တုများကို ဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။Select Psalms 106:36

37ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ် ပူဇော်ကြ၏။Select Psalms 106:37

38ထိုသို့အပြစ်မရှိသော သူတို့၏ အသွေး၊ ခါနာန် ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့၏ အသွေးကို သွန်ကြ၍၊ ထိုမြေသည် အသွေးနှင့် ညစ်ညူး လေ၏။Select Psalms 106:38

39သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကို ညစ်ညူးစေ၍၊ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။Select Psalms 106:39

40ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံရှာတော်မူ၏။Select Psalms 106:40

41သူတို့ကို တပါးအမျိုးသားတို့လက်သို့ အပ်တော် မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။Select Psalms 106:41

42ရန်သူတို့သည် ညှဉ်းဆဲ၍၊ သူတို့သည် ရန်သူတို့ အောက်မှာ နှိမ့်ချခြင်းကို ခံရကြ၏။Select Psalms 106:42

43သူတို့ကို ကြိမ်ဖန်များစွာ ကယ်နှုတ်တော်မူသော်လည်း၊ ပုန်ကန်သော အကြံကိုသာ ကြံ၍၊ မိမိတို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက်ခြင်းကို ခံရကြ၏။Select Psalms 106:43

44တဖန်သူတို့ အော်ဟစ်ခြင်းကို ကြားတော်မူလျှင်၊ သူတို့၌ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့်၊Select Psalms 106:44

45ဝန်ခံခြင်းဂတိတော်ကို သူတို့အဘို့အောက်မေ့၍၊ ကရုဏာတော် များပြားသည်အတိုင်း နောင်တရတော် မူ၏။Select Psalms 106:45

46သူတို့ကို ချုပ်ထားသိမ်းသွားသော သူအပေါင်း တို့သည် သနားရကြမည်အကြောင်း ပြုတော်မူ၏။Select Psalms 106:46

47အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ သန့်ရှင်းသော နာမတော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍၊ ကိုယ်တော်ကို ချီးမွမ်း ခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း၊ အကျွန်ုပ်တို့ကို ကယ်တင်လျက်၊ တပါးအမျိုးသားတို့အထဲက နှုတ်ယူ၍ စုသိမ်းတော်မူပါ။Select Psalms 106:47

48ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ လူခပ်သိမ်းတို့သည် အာမင်ဟု ဝန်ခံကြစေ။ ဟာလေ လုယ။Select Psalms 106:48

Next: Psalms 107Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Psalms

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses an English voice provided by your browser.