Skip to content
Church.wiki
Psalms

Psalms 12

Judson (1835)

Translation: JUDSON
Start reading

1အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော် ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။Select Psalms 12:1

2အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ၏။Select Psalms 12:2

3ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်။Select Psalms 12:3

4ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။Select Psalms 12:4

5ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။Select Psalms 12:5

6ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။Select Psalms 12:6

7အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူမည်။Select Psalms 12:7

8ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည် ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ၏။Select Psalms 12:8

Next: Psalms 13Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Psalms

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses a voice on this device.