Psalms125Psalms 125
Judson (1835)
Translation: JUDSON
Start reading1ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏။Select Psalms 125:1
2တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံ သကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍၊ ကာလအစဉ်မပြတ်ဝန်းရံတော်မူ၏။Select Psalms 125:2
3ဖြောင့်မတ်သော သူတို့သည် ဒုစရိုက်ကို ပြုသော အခွင့်မရှိစေခြင်းငှါ၊ မတရားသောသူတို့၏ လှံတံသည် ဖြောင့်မတ်သော သူတို့၏ အမွေခံရာအဘို့အပေါ်မှာ မတည်မနေရ။Select Psalms 125:3
4အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘော ဖြောင့်သော သူတို့အား ကျေးဇူးပြုတော်မူပါ။Select Psalms 125:4
5ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။Select Psalms 125:5
Next: Psalms 126Continue readingJudson (1835) (JUDSON) · Public Domain