Skip to content
Church.wiki
Psalms

Psalms 150

Judson (1835)

Translation: JUDSON
Start reading

1သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။Select Psalms 150:1

2ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရား သခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူ ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့။Select Psalms 150:2

3တံပိုးမှုတ်လျက်ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင့်ကိုတီးလျက် ချီးမွမ်းကြလော့။Select Psalms 150:3

4ပတ်သာတီးလျက်၊ ကခုန်လျက်နှင့်ချီးမွမ်းကြ လော့။ ကြိုးနှင့်ပြည့်စုံသော တုရိယာကိုတီးလျက်၊ နှဲခရာ ကို မှုတ်လျက်ချီးမွမ်းကြလော့။Select Psalms 150:4

5အသံကျယ်သောသံလွင်ကို တီးလျက်ချီးမွမ်းကြ လော့။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့။Select Psalms 150:5

6အသက်ရှိသော သူအပေါင်းတို့သည် ထာဝရ ဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့သည် စီရင်ရေးထားသော ဆာလံကျမ်းပြီး၏။Select Psalms 150:6

Next: Proverbs 1Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Psalms

Selected verses

Tap another verse to select a range.

Highlight

My Bible

Listen

Uses a voice on this device.