Psalms 25
Judson (1835)
Translation: JUDSON
1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသလျက်နေပါ၏။Select Psalms 25:1
2အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက် ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင်၍ အောင်ပွဲကိုမခံပါစေနှင့်။Select Psalms 25:2
3အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည်။Select Psalms 25:3
4အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော် မူပါ။Select Psalms 25:4
5ကိုယ်တော်၏ သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နေပါ၏။Select Psalms 25:5
6အိုထာဝရဘုရား၊ ရှေးကာလမှစ၍၊ ပြတော်မူ သောကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော် မူပါ။Select Psalms 25:6
7အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ်၊ ပြစ်မှား မိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့်။ ကောင်း မြတ်တော်မူသည်ဖြစ်၍။ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါထာဝရဘုရား။Select Psalms 25:7
8ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။Select Psalms 25:8
9နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။Select Psalms 25:9
10ထာဝရဘုရား၏ လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သော သူတို့အား ကရုဏာနှင့် သစ္စာဖြစ်ကြ သတည်း။Select Psalms 25:10
11အိုထာဝရဘုရား၊ အကျွန်ုပ်အပြစ်များလှသော ကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။Select Psalms 25:11
12အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့ တတ်၏။ ထိုသူအား နှစ်သက်ဘွယ်သောလမ်းကို ပြညွှန် တော်မူမည်။Select Psalms 25:12
13ထိုသူသည် ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ် ၍၊ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေ ခံရလိမ့်မည်။Select Psalms 25:13
14ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။Select Psalms 25:14
15အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မြော် လင့်လျက် နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူမည်။Select Psalms 25:15
16အကျွန်ုပ်သည် တယောက်တည်းကျန်ကြွင်း၍ နှိမ့်ချခြင်းကို ခံရသောကြောင့်၊ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။Select Psalms 25:16
17အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာ ပေး၍၊ အမှုများထဲက ကယ်နှုတ်တော်မူပါ။Select Psalms 25:17
18အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ။Select Psalms 25:18
19အကျွန်ုပ်၏ ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော် မူပါ။Select Psalms 25:19
20အကျွန်ုပ်အသက်ကိုစောင့်ရှောက်၍၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါ စေနှင့်။Select Psalms 25:20
21ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပစေသော။Select Psalms 25:21
22အိုဘုရားသခင်၊ ဣသရေလအမျိုးကို ခပ်သိမ်း သော ဒုက္ခအထဲက ရွေးနှုတ်တော်မူပါ။Select Psalms 25:22
Judson (1835) (JUDSON) · Public Domain