Skip to content
Church.wiki
Psalms

Psalms 38

Judson (1835)

Translation: JUDSON
Start reading

1အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာသော စိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။Select Psalms 38:1

2မြှားတော်တို့သည် အကျွန်ုပ်၌ စုဝေး၍၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။Select Psalms 38:2

3အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ် အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။Select Psalms 38:3

4အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ် ခေါင်းကို လွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်း နိုင်အောင် လေးကြပါ၏။Select Psalms 38:4

5အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိကြပါ၏။Select Psalms 38:5

6အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ၏။Select Psalms 38:6

7အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ၍၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။Select Psalms 38:7

8နန်နဲခြင်း၊ ကြေကွဲရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါသည်။Select Psalms 38:8

9အိုဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်း ကိုလည်း အကြွင်းမဲ့သိတော်မူ၏။Select Psalms 38:9

10အကျွန်ုပ်၏ နှလုံးတုန်လှုပ်၍၊ ခွန်အားလည်း ကုန်ပါပြီ။ မျက်စိအလင်းသည် ကွယ်ပျောက်ပါပြီ။Select Psalms 38:10

11အကျွန်ုပ်၏အဆွေခင်ပွန်း၊ အပေါင်းအဘော် တို့သည် အကျွန်ုပ် အနာရောဂါကြောင့်၊ ဝေးဝေးရပ် လျက်၊ ပေါင်းဘော်တို့သည်လည်း၊ ရှောင်လျက် နေကြ ပါ၏။Select Psalms 38:11

12အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ် ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တနေ့လုံးမနာလို သောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။Select Psalms 38:12

13အကျွန်ုပ်မူကား၊ နားပင်းသောသူကဲ့သို့ မကြား။ နှုတ်ကို မဖွင့်တတ်လူကဲသို့ ဖြစ်ပါ၏။Select Psalms 38:13

14နားမကြား၊ ပြန်၍မငြင်းနိုင်သော သူကဲ့သို့ ဖြစ်ပါ၏။Select Psalms 38:14

15အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်ကိုအကျွန်ုပ် ကိုးစားပါ၏။ အကျွန်ုပ်၏ အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည်။Select Psalms 38:15

16သို့မဟုတ်၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်း မြောက်ကြပါလိမ့်မည်။ အကျွန်ုပ်သည် ခြေချော်သော အခါ အကျွန်ုပ်တဘက်၌ ကိုယ်ကိုချီးမြှောက်ကြပါ လိမ့်မည်ဟု လျှောက်ပါပြီ။Select Psalms 38:16

17အကျွန်ုပ်လဲလုသည်ဖြစ်၍၊ ကိုယ်ဆင်းရဲခြင်းကို အစဉ်အောက် မေ့လျက်နေပါ၏။Select Psalms 38:17

18ကိုယ်အပြစ်ကိုဘော်ပြပါ၏။ ပြစ်မှားမိသော ကြောင့် စိတ်ပူပန်ခြင်းရှိပါ၏။Select Psalms 38:18

19အကျွန်ုပ်၏ ရန်သူတို့ကား၊ ကျန်းမာလျက်၊ ခွန်အားကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား၊ များပြားကြပါ၏။Select Psalms 38:19

20အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သော သူတို့သည်အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏။Select Psalms 38:20

21အိုထာဝရဘုရား၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူ ပါနှင့်။ အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့်။Select Psalms 38:21

22အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားရှင်၊ အကျွန်ုပ်ကိုမစခြင်းငှါ အလျင်အမြန်ကြွလာတော်မူပါ။Select Psalms 38:22

Next: Psalms 39Continue reading

Judson (1835) (JUDSON) · Public Domain

Reading settings

Choose a passage

Old Testament

New Testament

Psalms

Selected verses

Tap another verse to select a range.